C Programming
အခန်း
(၁)
C အခြေခံများ
၁.၁ Structure of a C Program
# Include <stdio.h> /* program to calculate the area of a circle */ main () { float radius, area; printf ("Enter the radius:"); scanf ("%f", &radius); area = 3.141593 * radius · radius; printf ("Area = %f", area); }
Enter the radius: 5
Area = 78.539825
(5) ဂဏန်းကို မျဉ်းတားထားတဲ့ အပ္ပာယ်ကတော့ ဒီ data ကို ကျွန်တော်တို့ ကိုယ်တိုင် keyboard ကနေ ရိုက်ထည့်ပေးရမယ်လို့ ဆိုလိုပါတယ်။ မျဉ်းတားထားတာကို တွေ့ရင် input data တွေလို့ မှတ်လိုက်ပါ။ တွက်လို့ ချက်လို့ ရတဲ့အဖြေတွေဆိုရင် မျဉ်းမတားပါဘူး၊ ရှင်းပါတယ်နော်။ ကောင်းပြီ၊ EXAMPLE 1.1 က C program ကို တစ်ကြောင်းချင်းအဓိပ္ပာယ် ဖော်ကြည့်ရအောင်။
C program ကို ရေးတဲ့အခါမှာ အများအားဖြင့် စာလုံးအသေး (Lowercase letter) နဲ့ပဲ ရေးလေ့ရှိပါတယ်။ C programmer တွေရဲ့ စတိုင်ပဲခေါ်မလားမသိဘူး။ စာလုံးအကြီးနဲ့ ရေးလည်း ရတော့ရတာပါပဲ။ ဒါပေမယ့် တစ်ခုသတိထားရမှာက C language မှာ Lowercase letter နဲ့ Uppercase letter တို့ ဟာ အဓိပ္ပါယ်မတူဘူးနော််။ ဘာပြုလို့လည်းဆိုတော့ AUNG, Aung, aung ဆိုတာတွေဟာ အမျိုးမတူတဲ့ variable name တွေပါပဲ။ အသုံးပြုတဲ့အခါမှာ သတိထားဖို့ လိုပါတယ်။ လိုင်းနံပါတ် (၁) မှာ stdio.h ဆိုတဲ့ header ဖိုင်တစ်ခု ပါပါတယ်။ အခုပုစ္ဆာမှာ သူမပါလည်း program က run ပါတယ်။
လိုင်နံပါတ် (၂) မှာ ရေးထားတဲ့ statement ကတော့ C program ရဲ့ ရည်ရွယ်ချက်ကိုသိအောင် တေးမှတ်ထားတဲ့ မှတ်ချက်တစ်ခုပါပဲ။ comment လို့လည်း ခေါ်ပါတယ်။ ဒီစာတွေကို ဒီသင်္ကေတ နှစ်ခု /* */ နဲ့ ရှေ့နောက် ပိတ်ထားမယ်ဆိုလို့ ရှိရင် computer က မှတ်ချက်မှန်း သိသွား ပါပြီ။ C program ကို run တဲ့အခါမှာ ဒီစာကြောင်းတွေကို ကျော်သွားပါလိမ့်မယ်။ BASIC language က REM နဲ့ သဘောအတူတူပါပဲ။
လိုင်းနံပါတ် (၃) ကတော့ main ဆိုတဲ့ function ကို ရေးထားတာပါ။ main နောက်မှာဗလာဖြစ်နေတဲ့ ကွင်းနှစ်ခုရဲ့ အဓိပ္ပာယ်ဟာဆိုရင် ဒီ function အတွက် argument မရှိဘူးလို့ ဆိုလိုပါတယ်။
လိုင်းနံပါတ်(၄) မှာ brace ဆိုတဲ့ သင်္ကေတတစ်ခု { ကို ရေးထားပါတယ်။ open brace ရဲ့အဓိပ္ပာယ်ကတော့ main program စပြီလို့ ပြောလိုက်တာပါပဲ။
လိုင်းနံပါတ် (၅)ကျတော့ C program မှာ အသုံးပြုမယ့် variable တွေရဲ့ type ကို declare လုပ်ပေးတာပဲဖြစ်ပါတယ်။ type declaration section လို့မှတ်ထားလိုက်ပါ။ radius နဲ့ area တို့ ဟာဆိုရင် ဒဿမကိန်းအမျိုးအစားတွေ (floating-point number) လို့ ကြေညာလိုက်တာပဲဖြစ်ပါတယ်။
လိုင်းနံပါတ် (၆) ကျတော့ printf ဆိုတဲ့ command ကို အသုံးပြုပြီး computer screen မှာ Enter the radius ဆိုတဲ့ message ပေါ်လာအောင် လုပ်ခိုင်းတာပါ။ အဲလို လုပ်တာကို computer စကားနဲ့ ပြောမယ်ရှိရင် information ကို prompt လုပ်ခိုင်းတယ်လို့ ခေါ်ပါတယ်။
လိုင်းနံပါတ် (၇) မှာကျတော့ scanf ဆိုတဲ့ command ကို သုံးထားတာကြောင့် radius အတွက် data ကို keyboard ကနေ ကျွန်တော်တို့ ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။
လိုင်းနံပါတ် (၈) ကတော့ assignment statement ပါ။ area ရဲ့ တန်ဖိုးကို ပုံသေနည်းသုံးပြီး ရှာလိုက်တာပါပဲ။ ဒီ statement ကို execute လုပ်ပြီးတာနဲ့ area ရဲ့ တန်ဖိုးဟာ စက်ထဲမှာ အဖြေရနေပါပြီ။
အခုဆိုရင် radius နဲ့ area တို့ ရဲ့ တန်ဖိုးတွေကို computer က သိနေပြီလေ။ ဒါပေမယ့် ကျွန်တော်တို့က ဒီအဖြေကို မတောင်းဘဲနဲ့ computer က အလိုက်သိသိ၊ သဘောကောင်းစွာနဲ့ အဖြေထုတ်ပေးမှာ မဟုတ်ပါဘူး။ တောင်းပုံတောင်းနည်းက လိုင်းနံပါတ် (၉) မှာ ပြထားတဲ့အတိုင်း printf command ကို သုံးပြီးတောင်းရပါတယ်။ အဲဒီအခါကျမှ computer screen ပေါ်မှာ Area = 78.539825 လို့ ပေါ်လာမှာပါ။
ကျွန်တော်တို့ရေးထားတဲ့ C program ဟာ ဒီမှာတင် ဆုံးခန်းတိုင်သွားပါပြီ။ အဲဒါ computer ကို အသိပေးဖို့ အတွက် နောက်ဆုံး statement မှာ closing brace } သင်္ကေတနဲ့ ပိတ်ပေး လိုက်ပါ။ အခုမှ program တကယ်ပြီးသွားပါပြီ။ C program ဆိုတာ ဒါပါပဲ။ ဒါနဲ့ ကျွန်တော် တစ်ခုသတိပေးဖို့ ကျန်သွားပါတယ်။ ဘာလဲဆိုတော့ C program statement တွေကို ရေးပြီးတိုင်း statement တစ်ခုဆုံးသွားရင် semicolon (;) သင်္ကေတနဲ့ အဆုံးသတ်ပေးဖို့ မမေ့ပါနဲ့။ အဲဒါ ကျန်သွားရင်တော့ computer က အားကြီးစိတ်ဆိုးပြီး အမှားပေးပါလိမ့်မယ်။
၁.၂ C Character Set
C program ဆိုတာ အဓိကအားဖြင့်တော့ constant ၊ variable ၊ expression ဆိုတဲ့ item (၃) မျိုးနဲ့ ဖွဲ့စည်းထားတာပါ။ ဒီဥစ္စာတွေကို ဖော်ပြဖို့အတွက် C မှာ character set တွေရှိပါတယ်။ A ကနေ Z အထိ uppercase letter တွေ၊ a ကနေ Z အထိ lowercase leter တွေ၊ သုညကနေ ၉ အထိ ဂဏန်းအက္ခရာတွေနဲ့ အတူ special character တွေလည်း မျိုးစုံပါပဲ။ အဲဒီ special character တွေကို အောက်မှာဖော်ပြထားပါတယ်။ လေ့လာကြည့်ပါ။
! * + \ " <
# ( = | { >
% ) ; , } /