““မှတ်မိသမျှ - ကိုအောင်ဆန်း၏ ကျောင်းသားဘ၀” ဗိုလ်ချုပ်အောင်ဆန်း (ဝါ)သခင်အောင်ဆန်း(ဝါ)ကိုအောင်ဆန်းနှင့် ကျောင်းနေဘက် နိုင်ငံရေးလုပ်ဖေါ်ကိုင် ဘက် တဦးဖြစ်ခဲ့၍ ကျောင်း၌နေစဉ်က မှတ်မိသမျှကို မှတ်တမ်းတင်လိုက်သည်။ ကိုအောင်ဆန်းသည် ကျွန်တော်တို့ ထက် ၂ နှစ်စော၍ တက္ကသိုလ်သို့ ရောက်ရှိနေပါသည်။ ကိုအောင်…